Thursday, December 31, 2015

မစားသင့်တဲ့ ဆေးထုံးဘဲဥ

ဆေးဘဲဥကို century egg,preserved egg,hundred year egg, thousand year egg, millennium egg ,ထုံးဘဲဥ , ဖီတန် ( တကယ်တော့ တရုတ်လို နာမည်ပါ pidan ) လို့လည်း ခေါ်ကြပါတယ်။

ဟိုတလောက maggi လို့ခေါ်တဲ့ လူကြိုက်များတဲ့ ခေါက်ဆွဲခြောက် တွေထဲမှာ ခဲဓာတ်တွေ (lead) ပါတာ များတာကို အိန္ဒိယမှာ ရှာဖွေတွေ့ရှိခဲ့လို့ မက်ဂီးခေါက်ဆွဲ တင်သွင်းထုတ်လုပ်မှုကို ရပ်ဆိုင်းပြစ်လိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆေးဘဲဥကို သတိရမိလို့ ဆေးဘဲဥအကြောင်းလေး မျှဝေဖြစ်တာပါ။

ဆေးဘဲဥက တရုတ်နိုင်ငံကနေပြီး စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ရိုးရာအားဖြင့် ဘဲဥ ၊ကြက်ဥ နဲ့ ငုံးဥတွေကို အသုံးပြုကြပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ ရွှံ့မြေ ၊ ဆား၊ ထုံး၊ ထမင်းပျော့ စတာတွေကို လိုအပ်သလို ထည့်ပြီး အသုံးပြုကြပါတယ်။

ဖြစ်စဉ်အားဖြင့် ဘဲဥ အကာဟာ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ အနံ့မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့ )ဘက်သို့ ပြောင်းလဲသွားပါတယ်။

PH level သည်လည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်းအားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။

ယနေ့ စားသုံးသူတို့ရဲ့ လိုအပ်ချက်များလားပြီး ဝယ်လိုအား တိုးလာသောကြောင့် ထုတ်လုပ်သူတို့က လအနည်းငယ်ကြာ ပြုလုပ်ရသော ဆေးဘဲဥဖြစ်စဉ်ကို ရက်ပိုင်းနှင့် ပြုလုပ်နိုင်ရန် နည်းလမ်းများ ရှာဖွေလာကြပါတယ်။

ကယ်လ်ဆီယမ် ဟိုက်ဒရော့ဆိုဒ် နှင့် ဆိုဒီယမ်ကာဗွန်နိတ် ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ်ရက်အတွင်း ပုံမှန်ရိုးရာနည်းဖြင့် ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန်အရသာမပျက် ရရှိစေတာမို့ အချိန်ကုန်ခံ ထုတ်လုပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဆိုးကျိုး အနေနဲ့ကတော့ lead(ခဲ)ဓာတ်ပါဝင်မှုတွေ တိုးလာတာပါပဲ။ ဘဲဥထဲသို့ မြန်မြန်ဆန်ဆန် hydroxide and sodium ကို ဝင်ရောက်စေခြင်းက ခဲဓာတ်ကို တိုးပွားလာစေတာဖြစ်ပါတယ်။

ခဲဓာတ်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်တာများလျှင် အသက်ဆုံးရှုံးသည်ထိ ဖြစ်နိုင်ပါတယ်။

Lead poisoning ခဲဆိပ်သင့်ခြင်းရဲ့ဆိုးကျိုးတွေကတော့
- အော့အန်ခြင်း
- ဗိုက်နာခြင်း
- မောပန်းခြင်း
- ကြွက်သားများနာကျင်ခြင်း
- ဝမ်းလျောခြင်း
- ဝမ်းချူပ်ခြင်း
- သုတ်ကောင်များနည်းသွားခြင်း
- အာရုံစူးစိုက်မှု နည်းခြင်း
- ဦးနှောက်မြေး ရောင်ရမ်းခြင်း
- သွားပိုးစားခြင်း
- သွေးပေါင်တက်ခြင်း မှသည်
- အသက်သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။

ခဲဆိပ်သင့်နေသလား ဆိုတာကို သိချင်ရင်တော့ သွေးဖောက်စစ်ဆေးရင် သိနိုင်ပါတယ်။ သွေးထဲမှာ ခဲဓာတ်ပါဝင်မှု ၁၀ မိုက်ခရိုဂရမ် ပါ ဒက်ဆီလီတာ ထက်ကျော်နေပြီ ဆိုရင်တော့ ခဲဓာတ် အဆိပ်မသင့်သေးသည့် တိုင်အောင် ခဲဓာတ်များနေပြီလို့ သတ်မှတ်ပါတယ်။

ဗဟုသုတ အနေနဲ့ မျှဝေချင်တာလေးကတော့ ခဲဆိပ်သင့်ခြင်းဟာ အစားအသောက် တစ်ခုတည်းကနေ ရနိုင်တာမဟုတ်ပါဘူး။ ခဲနဲ့ထိတွေ့သော သူများအားလုံး ရနိုင်တာဖြစ်ပြီး ၊ ခုရေးသားသော အကြောင်းအရာလေးကတော့ လူအများစု သတိမထားနိုင်သော အကြောင်းအရာလေး တစ်ခုကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။

- အိမ်သုတ်ဆေး ကိုင်သူ
- ဘထ္ထရီ အိုးပြင်သူ
- ခဲဂဟေတို့သူ
- ဓာတ်ရောင်ခြည် ကာကွယ်သော ခဲအကျီင်္ဝတ်သူ
- မာကျူရီနှင့်ခဲဓာတ်ပါ သော ဓာတ်ခဲထုတ်လုပ်သော နေရာတွင်အလုပ်လုပ်သူ
- ခဲ ကျည်ဆန်ကိုင်သူ စသော ခဲနှင့် ထိတွေ့သူတွေမှာ ခဲဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။

Credit: သန့်ဇင်ရှိန်
အမြဲတမ်း အားပေးဖတ်ရှုတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် 💝💝



Wednesday, December 30, 2015

ရေ သောက်ခြင်းဧ။် အကျိုးကျေးဇူးများ

ရေသောက်ခြင်းနှင့် ကျန်းမာရေးရာ
        *************
၁။ မနက်အိပ်ရာထတွင် ရေ ၂ ဖန်ခွက် သောက်ခြင်းဖြင့် ကိုယ်တွင်းအင်္ဂါများကို နိုးထစေသည်။

၂။ အစားမစာမီ၊ နာရီဝက်ခန့်တွင် ရေ ၁ ဖန်ခွက်သောက်ခြင်းဖြင့် အစာကြေညက်စေသည်။ (နံနက်စာ၊ နေ့လည်စာ၊ ညစာ ပေါင်း ၃ ဖန်ခွက်)။

၃။ ရေမချိုးမီ၊ ရေ ၁ ဖန်ခွက်သောက်ခြင်းဖြင့် သွေးပေါင်ချိန် ကျစေသည်။ (မနက်၊ည ပေါင်း ၂ ဖန်ခွက်)။

၎။ အိပ်ရာမ၀င်မီ၊ ရေ ၁ ဖန်ခွက်သောက်ခြင်းဖြင့် ဦးနှောက်သွေးကြော ပြတ်ခြင်း (stroke)၊ နှလုံးသွေးကြော ပြတ်ခြင်း(heart attack) တို့ကို ကာကွယ်သည်။

ကျန်းမာရေးအတွက် တစ်နေ့လျှင် ရေ ၁၂ ဖန်ခွက် သောက်သင့်သဖြင့် ကျန်သော ၄ ခွက်ကို ကြားအချိန်များတွင် သောက်သင့်သည်။ နွေရာသီးများ၊ ချွေးထွက် များသောအခါများတွင် ရေပိုမို သောက် ရန်လိုအပ်ပါသည်။

မှတ်ချက်။ ဟင်းချို၊ အသီးအနှံ့ စသည်များမှလည်း ရေဓါတ်များစွာ ရရှိသည်။
သက်ရှိသက်မဲ့ ၊ လူ၊ တိရိ စ္ဆာန်၊ သစ်ပင်အားလုံး ရေ ၆၀-၉၅ % ဖြင့် ဖွဲ့စည်းထားသဖြင့် ရေမရှိလျှင် မရှင်သန်နိုင်။ ထိုကြောင့် အသက်တမျှ အရေးကြီးသောရေ လှူပါက မတောင်းပဲ အောက်ပါအကျိုး (၁၀) ပါးပြည့်စုံသည် ဟု မြတ်ဘုရား ဟောတော်မူခဲ့ပါတယ်။

ရေလှူကျိုး ဆယ်ပါး။
၁။ လျှင်မြင်ခြင်း။
၂။ ကျော်ဇောခြင်း။
၃။ စင်ကြယ်ခြင်း။၎
၎။ မွတ်သိပ်ခြင်းမှ ကင်းခြင်း။
၅။ အခြံအရံများခြင်း။
၆။ အသက်ရှည်ခြင်း။
၇။ အဆင်းလှခြင်း။
၈။ ခွန်အားကြီးခြင်း။
၉။ ပညာကြီးခြင်း။
၁၀။ ချမ်းသာခြင်း။

သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ။
ချွေရံ, သန့်ရှင်း၊ ကျော်ဇောခြင်း၊ လျင်ခြင်း, မွတ်သိပ်ကွာ။

ကျန်းမာရေးအတွက် ရေအကျိုး ဆယ်ပါး။

၁။ ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ် နည်းပါးသောကြောင့် ဖြစ်ပါသည်။

ရေသောက်များပါက ဆီးတွင် အနယ်ထိုင်မှု နည်းသွားသည်။ ထို့ကြောင့် ကျောက်တည် ဝေဒနာသည်များပါမက ရောဂါမဖြစ်ပွား လိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်ခန့် အနည်းဆုံး သောက်သင့်ပါသည်။

၂။ ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင် ပါသည်။ ရေများများ သောက်လေလေ ဆီးများများ သွားလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူ ပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

၃။ ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည် ဖြည့်တင်းရာတွင် အထောက်အကူ ပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမို ထိရောက်ပါသည်။

၎။ ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန် ကျသည့်အပြင် ဆီးများများ သွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

၅။ ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုး ဖြစ်သောအခါ အထောက်အကူ ပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်း ကိုလည်း သက်သာစေပါသည်။

၆။ ရေသည် အစာစား နောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီးတစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

၇။ ရေများများ သောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင် ပါသည်။ ရေသောက်နည်းပါက မစင်တုံး များသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။

၈။ ရေသည် လူကို လန်းဆန်း တက်ကြွ စေပါသည်။ ရေဓာတ် နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်း တို့ကို ခံစားရနိုင်ပါသည်။

၉။ အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ် မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

၁၀။ ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်။
၁။ အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
၂။ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
၃။ ရေကို နည်းနည်းဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
၎။ ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ် အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
၅။ ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက် သောက် ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြား သွားပါ လိမ့်မည်။
၆။ ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။
၇။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
၈။ ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
၉။ ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
၁၀။ ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

Credit : ရေအကျိုးဆယ်ပါး
           ကျန်းမာရေးရာအဖြာဖြာမှ
           ကူးယူဖြန့်ဝေပါသည်။
              Moekoko Mg

Saturday, December 12, 2015

ကြံရ ဆုံရ ကျွန်ုပ်ဘဝ

                «  ကြုံရဆုံရ ကျွန်ုပ်ဘ၀ »

               အခန်း(၁)
     ပြောရရင် မကောင်းတော့ပါဘူး ပရိသတ်တို့ရယ်၊ ကိုယ့်ပေါင်ကို ကိုယ်တိုင်လှန်ထောင်းသလိုဖြစ်နေပါပြီ၊ ဒါပေမဲ့ မပြောရင်လည်း သိမှာမဟုတ်လို့ ရင်နာနာနဲ့ဘဲဖွင့်ပြောလိုက်ရတာပါ။
 ကျုပ်ဘ၀မှာ မထင်မှတ်တာတွေပဲ ဖြစ်ဖြစ်နေတယ်ဗျာ၊ ကျုပ်
ကဘဲညံ့တာလား ကံတရားကိုဘဲ ရိုးမယ်ဖွဲ့ရမလား ပြောတတ်တော့ဘူး၊ ကျုပ်ကိုညံ့တယ်ထင်လဲ မတတ်နိုင်ဘူး ကျုပ်ဖြစ်ခဲ့တာကိုတော့ အမှန်တိုင်းပြောပြရတော့မှာဘဲ။
     အော်ဒါနဲ့ မိတ်ဆက်ပေးဖို့မေ့နေလိုက်တာ၊ ကျုပ်နာမည်က «တက်လူ»ဖြစ်ပါတယ်၊အညာသားဖြစ်လို့ «ကျုပ်» ဆိုပြီးသုံးတာကို ရိုင်းတယ်မထင်ပါနဲ့နော်၊ ကျုပ်ကိုအရာရာကမောက်ကတွေ
ဖြစ်အောင် ဖန်တီးပေးသူကတော့ "ခွတို„ဖြစ်ပါတယ်၊ သူဟာ နာမည်နဲ့လိုက်အောင် ကျုပ်အပေါ်ဘယ်လိုလုပ်တယ်ဆိုတာ
ကိုတော့ ဆက်သာကြည့်ကြပါတော့။
           အခုလည်းကြည့်ပါလား ကျုပ် ရွာဦးကျောင်းကို ဆွမ်းသွားပို့အပြန် လမ်းမှာသူနဲ့မျက်နှာချင်းဆုံတွေ့နေတော့ မပြောမဖြစ်ပြောရတာကို သူက ကောင်းကောင်းမွန်မွန်ပြန်
မဖြေချင်ဘူး။ ကျုပ်က “ ခွတို ဘယ်ကလာလဲ” မေးတော့ သူက “ လမ်းပေါ်ကလာတာ ”တဲ့လေ။
  ကျုပ်စိတ်ဆိုးလိုက်တာဗျာ မပြောနဲ့၊ လမ်းမအလယ်ရန်ဖြစ်ရမှာ မကောင်းလို့သာသီးခံလိုက်ရတယ်၊ စိတ်ထဲမှာတော့ ဘယ်ကျေနပ်ပါမလဲ၊ အောင့်အီးသီးခံပြီး “ မင်းကလည်းကွာ ငါကအကောင်းမေးတာကို ”ဆိုတော့ သူဘာပြန်ပြောတယ်မှတ်လဲ “ ငါလဲအကောင်းဖြေနေတာဘဲ၊ မင်းစဉ်းစားကြည့်လေ လမ်းဘေးက
သွားရင် ဆူးလဲစူးနိုင်သလို ခလုတ်လဲတိုက်နိုင်တာပဲ နောက်ပြီး မတော်တဆ မြွေကိုက်တာတောင်ခံရနိုင်တယ်၊ အန္တရာယ်ဆိုတာ ကြိုမြင်နိုင်တာမဟုတ်ဘူး ဒါကြောင့် ထင်သာမြင်သာရှိတဲ့
လမ်းပေါ်ကလာလို့ ' လမ်းပေါ်ကလာတယ်,  ပြောတာ ငါဘာမှားလို့လဲ ” တဲ့လေ။
       အေးလေ သူပြောတာလည်းမှန်သလိုဖြစ်နေတော့ ကျုပ်ဘက်က လက်လျှော့ပေးလိုက်ရတာပေါ့၊ အဲလိုမဟုတ်ရင် လမ်းမအလယ်မှာ ရန်သတ်ရုံပဲရှိတော့တာ၊ ကျုပ်ကသာ ဂုဏ်တွေ သိက္ခာတွေငဲ့နေတာ၊ ခွတိုတို့က ဘာမှငဲ့တတ်တဲ့ကောင်မဟုတ်ဘူး၊သေမထူး နေမထူး
လူစားတွေ သူနဲ့တုပြီးရန်ဖြစ်ပြန်ရင်လည်း ကိုယ်ဘဲအရှက်ရမှာ၊
“ ခွေးရူးနဲ့ ခွေးကောင်းကိုက်ရင် ခွေးကောင်းပဲ နာမှာပါလေ ” ဆိုပြီး သီးခံနေလိုက်ရတယ်၊ အဲလေ ပြောရင်းဆိုရင်းနဲ့ သူနဲ့ပတ်သက်ပြီး ကိုယ်တောင်ခွေးဖြစ်ရပြန်ပြီ။
                               အခန်း(၂)
        ဒီနေ့တော့ သီတင်းကျွတ်လပြည့်နေ့မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းအရ ရွာဦးကျောင်းဆရာတော်ကို စုပေါင်းကန်တော့ရင်း ဥပုသ်စောင့်ကြတယ်၊ အဲဒီထဲမှာ ကျုပ်နဲ့ ခွတိုတို့လည်း အပါဝင်ပေါ့ဗျာ၊ ကျုပ်လည်း ဒီကောင်နဲ့ မျက်နှာချင်း
မဆိုင်ချင်လို့ သူနဲ့ဝေးတဲ့နေရာမှာ နေရာယူထားလိုက်တယ်၊ ပြောလို့ရတာမဟုတာဘူး လူကြားသူကြား လာချွတ်နေမှဒုက္ခ။
        သီလပေး တရားဟောပြီး ဆရာတော်က သူ့အခန်းပြန်ကြွ
သွားတော့ ကျုပ်လဲ ကျောင်းသားတွေနဲ့ရောပြီး သီလပွဲကလှူဖွယ်
ပစ္စည်းတွေကို ကူသိမ်းပေးနေလိုက်တယ်၊ အဲလိုမလုပ်ရင် ဟိုကောင်ခွတိုနဲ့ မျက်နှာချင်းဆိုင်မိနေမှာ၊ ဒီနည်းဟာ ဒီကောင်နဲ့ မျက်နှာချင်းမဆိုင်မိဖို့ အကောင်းဆုံးနည်းလို့ ကျုပ်ထင်လို့ပါ၊ ဒီလိုနဲ့
အလှူပစ္စည်းတွေသိမ်းလို့ပြီးကာနီးမှာဒီကောင်နောက်ကရောက်လာပြီး ဘာပြောတယ်မှတ်လဲ၊ “တက်လူတို့လှူဖွယ်ပစ္စည်းတွေကူသိမ်းပေးနေ
ပုံထာက်ရင် ကျောင်းကထမင်းစားတော့မယ်ထင်တယ် ” တဲ့။
        ကဲကောင်းကြသေးလားဗျာ ကျုပ်က စေတနာသန့်သန့်နဲ့ ကူပြီးလုပ်ပေးတာကိုကျောင်းကထမင်းစားချင်လို့ ကူလုပ်သလို
လာပြောတယ်၊ ဒီကောင့်ကို အစိမ်းလိုက်ဝါးစားချင်လိုက်တာဗျာ မပြောနဲ့ ၊ ကိုယ်က ဥပုသ်စောင့်ထားတော့ ဥပုသ်ကျိုးမှာ
ကြောက်လို့သီးခံလိုက်ရပေမဲ့ စိတ်ထဲမှာတော့ “ တစ်ကွေ့ကွေ့ တွေ့ကြသေးတာပေါ့ခွတိုရယ် ”လို့ တေးထားမိလိုက်တယ်။
       ဒီလိုနဲ့ သိပ်မကြာခင်ပဲ ဒီကောင်နဲ့ထပ်တွေ့ဖို့ အကြောင်း
ဖန်လာတယ်ဗျ၊ ပြီးခဲ့တဲ့တစ်ပတ်လောက်က ကျုပ်အမေနဲ့ ခွတိုအမေတို့ ကန့်ဘလူမြို့ကိုဈေးဝယ်သွားကြတော့
ကျုပ်အမေက ငွေလိုလို့ဆိုပြီး ခွတိုအမေဆီက ငွေငါးထောင် ခဏယူသုံးထားတာတဲ့အဲဒါကို အမေက ကျုပ်ကို ခွတိုအမေဆီ
သွားပေးခိုင်းတာ၊ အဲဒီအိမ်ကို မသွားချင်ပေမဲ့ အမေ့ကို
ကြာက်ရတော့လည်း သွားလိုက်ရတယ် ၊ ကျုပ်ရောက်သွားတဲ့
အချိန်မှာခွတိုတို့အိမ်မှာ ညနေစာထမင်းစားနေတယ်ဗျ၊ ဟင်းလဲ အတော်ကောင်းပုံရတယ်၊
ခွတိုတို့အိမ်ဝင်းထဲ ၀င်သွားထဲက ဟင်းနံ့ကမွှေးးနေတာဘဲ၊ ဒါပေမဲ့ဗျာ ဟင်းဘယ်လောက်ကောင်းကောင်း ၀င်မစားပါဘူး ဒီကောင်နဲ့မှ မျက်နှာချင်းမဆိုင်ချင်တာကို၊ကျုပ်လဲ အိမ်ထဲဝင်လိုက်လို့ ထမင်းဝိုင်းမှာထိုင်နေတဲ့ခွတိုအမေကို တွေ့တွေ့ချင်းဘဲ
“ ကန့်ဘလူသွားတုန်းက အမေယူသုံးထားတဲ့ ငွေငါးထောင်
လာပေးခိုင်းလို့ ”ဆိုပြီးပြောပြောဆိုဆို ခွတိုရဲ့အမေလက်ထဲကို
ထည့်ပေးပြီး လှည့်ပြန်မယ်အလုပ်မှာ ဒီကောင်ခွတိုကျုပ်ကို ချွတ်မိအောင် ချွတ်လိုက်သေးတယ် ၊ ဘာတဲ့ “ ဟေ့ တက်တိုး မင်းအိမ်ကထမင်းစားပြီးခဲ့လည်း ထပ်စားသွားအုံးလေ ” တဲ့။
       သိပ်ရှက်ဖို့ကောင်းတာဘဲဗျာ တကယ်စားစေချင်ရင်လဲ ကောင်းကောင်းမွန်မွန်ခေါ်ကျွေးပေါ့ ၊ အခုတော့ သူ့အိမ်ကဟင်းက ကျုပ်အိမ်ကဟင်းထက် ပိုကောင်းတယ်ဆိုတာကို သက်သက်ကြွားချင် လို့ပြောတာ၊ ပြီးတော့ သူ့ညီမ မိခိုင်ရှေ့မှာ၊ သူ့အမေဆိုတာက လူကြီးဆိုတော့ ကိစ္စမရှိပေမဲ့ သူ့ညီမအပျိုလေးရှေ့မှာဆိုတော့ စဉ်းစားသာကြည့်ပါတော့၊ သူ့ညီမ မိခိုင်လဲ သူ့အစ်ကို ခွတိုစကားကြောင့် ကျုပ်ကိုအားနာသွားပုံရတယ်၊ အံ့သြသွားပုံလဲရတယ် ပါးစပ်လေးအဟောင်းသားနဲ့ ကျုပ်ကိုကြည့်
နေလေရဲ့၊  ကျုပ်လည်းခပ်ရှက်ရှက်နဲ့ဘဲ «ရပြီဗိုက်မဆန့်တော့ဘူး»
လို့ပြောရင်း ပြေးထွက်လာခဲ့ရတယ်။
                                အခန်း(၃)
       အင်း ကံတရားဆိုတာ ပုဂံပြားနဲ့ဖုန်းကွယ်ထားလို့မရဘူးဆိုတာ မှန်နေသလားမပြောတတ်၊ ဒီကောင်ခွတိုနဲ့ ရင်မဆိုင်ချင်ပါဘူးဆိုမှ အခုတော့ဘယ်လိုမှရှောင်တိမ်းလို့မရအောင်ဖြစ်ကုန်ပြီ၊ ရေစက်ကလဲဗျာ ဆုံမှဆုံနိုင်လွန်းလှတယ်၊ နောက်ဘ၀အထိ
များ ဆက်ဆုံနေဦးမလား မပြောတတ်တော့ပါဘူး၊ ရှေ့ခရီးကို ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာတောင် မတွေးတတ်တော့ဘူး၊ ခင်ဗျားတို့လည်း စဉ်းစားကြည့်လေ အခု ကျုပ်အမေနဲ့ ခွတိုအမေတို့
တိုင်ပင်ပြီး ကျုပ်နဲ့ ခွတိုရဲ့ညီမ မိခိုင်ကို မင်္ဂလာဆောင်ပေးဖို့ အတင်း
စီစဉ်နေကြတယ်၊ ကောင်မလေးက ရွာသူအလှပဂေးဖြစ်လို့ ကျုပ်
မငြင်းရက်ပါဘူး ဒါပေမဲ့ တော်စပ်ရမည့်ယောက်ဖလောင်းရဲ့မျက်နှာကို ကျုပ်ဘယ်လိုရင်ဆိုင်ရမလဲဆိုပြီး စိတ်ပူနေမိတယ်။
    “ ယောက္ခမ ယောက်ဖ ကြောက်ရမှာမလွဲ ” ဆိုတဲ့ ဆိုရိုးစကား
ကလည်းရှိနေလေတော့ သူ့ညီမကိုယူရင် သူ့ကိုကြောက်ရတော့
မှာလေ၊ အရင်ကမှ ခပ်စွာစွာကောင် သူ့ညီမနဲ့ယူပြီဆိုရင်တော့ ကျုပ်ကို ခေါင်းမထောင်နိုင်အောင်နှိပ်ကွပ်မှာ မြင်ယောင်နေ
တယ်။
        ဘာဘဲပြောပြောလေ နောက်ဆုံးတော့ မိဘတွေရဲ့ဆန္ဒကို မလွန်ဆန်နိုင်တာနဲ့ (အဟဲကျုပ်က မိခိုင်ကို တဖက်သတ်ချစ်နေ
တာလဲပါတာပေါ့လေ) ခွတိုညီမ မိခိုင်ကိုကျုပ်လက်ထပ်လိုက်ရတယ်၊ မတတ်နိုင်ဘူး ဒီအခြေရောက်မှတော့ မီးစင်ကြည့်ပြီး
က ရတော့မှာဘဲလေ။
        အခုတလောကျုပ်ယောက်ဖခွတိုတစ်ယောက် အချိုးတွေ အတော်ပြောင်းသွားတယ်ဗျ၊ သူ့ညီမ မျက်နှာကြောင့်ထင်တယ်၊ ကျုပ်အပေါ် အရင်လိုမဟုတ်တော့ဘဲကောင်းကောင်းမွန်မွန် ဆက်ဆံလာတယ်၊ သူ့ညီမ မိခိုင်ကို ပစ်ထားခဲ့မှာ စိုးရိမ်တာလဲ
ပါချင်ပါမှာပေါ့လေ၊ ဒါပေမဲ့ဗျာ ကျုပ်တို့အညာမှာတော့ လင်ကွဲ မယားကွဲဆိုတာ မရှိသလောက်ရှားပါတယ်၊ မတော်တဆ သေကြေပျက်စီးမှသာ အိမ်ထောင်ပျက်ဆိုတာ
ရှိကြတာပါ၊ မိဘပေးစားလို့ဘဲယူယူ၊ အချင်းချင်းချစ်ကြိုက်လို့ဘဲယူယူ သေတပန်သက်တဆုံး သစ္စာရှိစွာပေါင်းသင်းကြပါတယ်။
       ဘာဘဲပြောပြော ကျုပ်ယောက်ဖ ကျုပ်အပေါ် လိုလိုလားလားနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာကိုက ကျုပ်အတွက် အသက်ရှုချောင်ရပါတယ်။ ဒီလိုနဲ့ ကျုပ်တို့မင်္ဂလာဆောင်ပြီး တစ်လလောက်နေတော့ ကျုပ်ယောက်ဖခွတိုက “ မင်းတို့ သားသမီး
တွေရလာရင် သွားလာဖို့မလွယ်တော့ဘူး အခုပေါ့ပေါ့ပါးပါးရှိတုန်း ငါနဲ့ မန္တလေးကိုဘုရားဖူးလိုက်ခဲ့ကြ  ” တဲ့ ပြောလာတယ်၊ ကဲ ကောင်းကြသေးလားဗျာ ညားကာစဇနီးမောင်နှံ ပျားရည်ဆမ်း ခရီးထွက်တယ်ဆိုတာ နှစ်ယောက်ထဲ ပျော်ပျော်ပါးပါး
သွားရတယ်လို့ ကျုပ်သိထားတာ၊ အခုတော့ ယောက်ဖလုပ်သူက ဘုရားဖူးနာမည်တပ်ပြီးတော့ လိုက်ပို့မယ်တဲ့၊ တတ်နိုင်ဘူးလေ ကိုယ်ကလည်း ကန့်ဘလူတို့ ရွှေဘိုတို့လောက်သာ မတောက်တခေါက်ရောက်ဖူးတာ၊ မန္တလေးဆိုတာက ဘုန်းကြီးကျောင်းသားဘ၀ ငယ်စဉ်တုန်းက ရွာဦးကျောင်း
ဆရာတော်ခေါ်သွားဖူးလို့သာ ရောက်ဘူးတာ၊ကျုပ်ယောက်ဖ
ခွတိုကတော့ ပဲ ပြောင်းပွဲစားဆိုတော့ မန္တလေးကို တစ်လနှစ်ခေါက်
လောက်ရောက်နေတာ၊ သူ့အတွက်တော့ ရွာနဲ့ မန္တလေးဟာ အိမ်ဦးနဲ့ ကြမ်းပြင်ဘဲ။
         ဒီလိုနဲ့ မန္တလေးကိုကျုပ်တို့ရောက်ခဲ့ပြီပေါ့၊ အရာရာဟာ ကျုပ်တို့ရွာနဲ့တခြားစီဆိုတော့ကျုပ်တို့လင်မယားအတွက်တော့ အထူးဆန်းတွေချည်းဘဲဗျာ၊ ငယ်ငယ်ကကျုပ်ရောက်ဖူးတဲ့
မန္တလေးနဲ့ အခုမန္တလေး ဘာမှမဆိုင်တော့သလိုဘဲ။
         နောက်နေ့မနက်ပိုင်းမှာမန္တလေးတောင်ပေါ်ကဘုရားများ
ဖူးဘို့ သုံးဦးသားထွက်လာကြတယ်၊ မန္တလေးတောင်ခြေရောက်တော့ မနက်(၁၀)နာရီလောက်ရှိပြီ၊ကျုပ်တို့လည်းတောင်ခြေကစပြီး
တက်ကာ ဘုရားတိုင်းဝင်ဖူးကြတယ်၊ ဒီလိုနဲ့ဆုတောင်းပြည့်ဘုရား
ရောက်တယ်ဆိုရင်ဘဲ အမောပြေခဏနားရင်း ရင်ပြင်တစ်ပတ်
လိုက်ကြည့်ရာက ဘုရားရင်ပြင်တနေရာမှာ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေတဲ့ ဗေဒင်ဆရာအသက်ကြီးကြီးတစ်ယောက်ကို ကျုပ်သတိထားမိတယ်ဗျ၊ ဒါပေမဲ့ဗျာ သူထိုင်နေတာက မသေမသပ်နဲ့ဆိုတော့ ပုဆိုးအောက်စနည်းနည်းလွတ်နေ
တယ်ဗျ ၊ ကျုပ်လဲမနေသာတာနဲ့ တခြားလူတွေမမြင်ခင် သူ့အရှက်ကိုကာကွယ်ပေးတဲ့အနေနဲ့ အဲဗေဒင်ဆရာကြီးနား
အသာကပ်သွားပြီး “ ဆရာကြီး ပုဆိုးအောက်စလွတ်နေတယ် ”လို့ အနားကပ်ပြီး တိုးတိုးလေးပြောပြလိုက်ရတယ်၊ ဒါပေမဲ့ဗျာ
ကျေးဇူးမတင်တဲ့အပြင် ဘာပြန်ပြောလိုက်တယ်မှတ်လဲ၊ “ ဟဲ့ကောင်လေး မင်းဖူးထိုက်လို့ဖူးရတာ အားရအောင်ဖူးသွား” လေ တဲ့ဗျာ။
      အဲဒါ ကျုပ်ဘ၀မှာ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်များဖြစ်ပါတယ် ဒီနေ့တော့ဒီလောက်ပါဘဲ ကျေနပ်ပြုံးပျော်နိုင်ကြပါစေဗျာ၊ နောက်လာမည့်အခန်းဆက်များအတွက် ကြိုးစားပါဦးမည်။
        အရေးအသားမပြေပြစ်ရင် ခွင်လွတ်ပေးကြပါဗျာ အခုမှ ကလောင်သွေးနေတဲ့အဆင့်ဘဲရှိပါသေးတယ်။
                                   စေတနာများစွာဖြင့်
                                  Moekoko.Mg
                            (၁၂/၁၂/၂၀၁၅)ည(၁၀း၂၆)

Tuesday, December 8, 2015

Thursday, December 3, 2015

မဘသအဖွဲ့ဧ။် သာသနာရေးလှုပ်ရှားမှုများ









မြတ်စွာဘုရားဧ။် နေ့စဉ်လုပ်ငန်းဖြစ်သော ဗုဒ္ဓကိစ္စငါးပါး

(၁)ပုရေဘတ္တဗုဒ္ဓကိစ္စ (မနက် ၆ နာရီမှ မွန်းလွဲ (၁၂)နာရီအထိ) (ဆွမ်းမဘုဉ်းပေးမီ မြတ်စွာဘုရားဧ။်လုပ်ငန်းစဉ်များ) မြတ်စွာဘုရားသည် နံနက်(၆)နာရီခန့်အိပ်ယထတော်မူ၍ အလုပ်အကျွေး ရဟန်းအားချီးမြှောက်ရန်နှင့် ရူပကာယတော်ချမ်းသာ စေရန်အတွက်မျက်နှာသစ်ခြင်း ကိုယ် က်သုတ်သင်မှုပြုခြင်းစသည် ကိုပြုတော်မူကာ မနက်(၇)နာရီဝန်းကျင် ဆွမ်းခံချိန်ရောက်သည်အထိ ဆိတ်ငြိမ်ရာဂန္ဓကုဋီတော်ထဲမှာ အရဟတ္တဖလသမာပတ်ဝင်စား တော်မူကာ ၊ ဆွမ်းခံချိန်(၇)နာရီခန့်ရောက်လျှင် သမာပတ်မှထတော် မူကာ သင်းပိုင်ကိုသေသပ်စွာပြင်ဝတ်တော်မူကာ ခါးပန်းကြိုးကိုစီး ဧက သီသင်္ကန်းကို လက်ကန်တော့ထိုးရုံတော်မူကာ သပိတ်တော်ကိုယူ၍ ကျွတ်ထိုက်သောသတ္တ၀ါသည် အဝေးမှာရှိပါက တစ်ပါးတည်း၎င်း၊ ကျွတ်ထိုက်သောသတ္တ၀ါသည် မိမိနေရာမြို့အတွင်း၌ရှိပါက ဂန္ဓကုဋီ တိုက်ထဲမှ တိုက်ရိုက်ထွက်ကြွလာတော်မူကာရဟန်းများစွာနှင့်အ တူ၎င်း ဆွမ်းခံကြွတော်မူသည်။ အချိန်တန်၍ ဘုရားထွက်မကြွလာပါက. ရဟန်းများသည် ဒီနေ့ ဘုရားရှင်တစ်ပါးတည်းဆွမ်းခံကြွမည်ဟု မှတ်သားသိရှိရဧ။်၊ ထိုအခါ ရဟန်းများသည် မိမိတို့အစီစဉ်ဖြင့် ဆွမ်းခံကြွကြသည် ၊ ဆွမ်းခံချိန်တန် လို့ ဘုရားရှင်ကြွမလာသေးရင် သံဃာများနှင့်အတူ ဆွမ်းခံကြွ,မကြွ သွားမေးလျှောက်စရာမလိုပေ ၊ ချွတ်စရာသတ္တ၀ါရှိသဖြင့် ဘုရားတစ်ပါး တည်းကြွမည်ကို အလိုလိုသိနေပြီးဖြစ်ကြသည်။ ဘုရားရှင်ဆွမ်းခံဝင်ခါနီးသောအခါ လေနုအေးလေးများက ဘုရားရှင်ဧ။်ရှေ့တော်မှကြိုတင်၍ မြေအပြင်ကိုတိုက်ခတ်ပြီး အမှိုက်များ ကိုရှင်းပေးလေဧ။် ၊ တိမ်ယံကြားမှ မိုးဖွဲလေးများကျကာ လမ်းမှဖုန်များ ကို သိပ်စေဧ။် ၊ ဘုရားရှင်ဆွမ်းခံကြွရာလမ်းတစ်လျှောက်လုံးသို့လည်း တိမ်များကဘုရားရှင်နေမပူစေရန် ထီးကဲ့သို့မိုးပေးထားဧ။် ၊ အရပ်လေး မျက်နှာမှလေများကလည်း ထိုထိုအရပ်မှ ပန်းပွင့်များကိုဆောင်ယူလာ ၍ ဘုရားရှင်ကြွမည့်လမ်းတစ်လျှောက် မွေ့ယာသဖွယ်ခင်းပေးထားဧ။် ၊ ပင်ကိုယ်ကမြင့်မောက်နေသောမြေများသည် အလိုလိုနိမ့်ကျကာ တညီတညွတ်တည်း၎င်း ၊ နိမ့်နေသောမြေများကလည်း အလိုလိုမြင့် တက်လာကာ ညီညာစေဧ။် ။ ဆူးငြောင့်ခလုပ်နှင့် ကျောက်စရစ်ခဲများသည်လည်း အလိုလိုဖယ် ရှားကြဧ။် ၊ ဘုရားရှင်ဧ။်ခြေဖ၀ါးတော် မြေသို့ချလိုက်သည်နှင့် မြေအပြင် သည် ညီညွတ်ပြီးဖြစ်သွားသည်၊ (သို့မဟုတ်) အတွေ့ကောင်းသော လှည်းဘီးလောက်ရှိသော ပဒုမ္မာကြာပန်းများကသော်လည်း ဘုရားရှင် ဧ။်ခြေဖ၀ါးတော်အောက်မှ ခံပေးကြဧ။် ။ မြို့ ရွာအ၀င် တံခါးခုံပေါ် ညာခြေဖ၀ါးတော်ချမိသည်နှင့် ရောင်ခြည် တော်ခြောက်သွယ်တို့သည် ကွန့်မြူးထွက်ပေါ်လာဧ။် ၊ လေးထောင့် ပြဿာဒ် အထွဋ်တပ်သောအိမ်စသည်တို့သည် ရွှေရည်လောင်းထား သကဲ့သို့၎င်း ၊ ဆန်းကြယ်သောအ၀တ်တို့နှင့်ရစ်ပတ်ထားသကဲ့သို့၎င်း အရောင်တလက်လက်ထွက်ကာ ပြေးလွှားနေဧ။် ။ ကျွဲနွားဆင်မြင်း ကျေးငှက်စသောသတ္တ၀ါများကလည်း မိမိနေရာ နေလျှက်ပင် သာယာသောအသံများဖြင့် တွန်သံပေးကြဧ။် ၊ စောင်းစ သောတူရိယာပစ္စည်းများကလဲ မည်သူမှမတီးခတ်ဘဲ သာယာသောအ သံများမြည်ကြဧ။် ။ လူတို့ဝတ်ဆင်ထားသော လက်ဝတ်တန်ဆာများသည်လည်း အလိုလိုပင် သာယာသောအသံမြည်ကြလေဧ။် ၊ ထိုသင်္ကေတဖြင့်ပင် လူတို့သည် ဘုရားရှင် မိမိတို့ဧ။် မြို့ ရွာအတွင်းသို့ဆွမ်းခံကြွလာသည် ဟုသိကြကာ အ၀တ်စားများသန့်ပြန့်စွာဝတ်ဆင်၍ ပန်းနံ့သာစသည် လက်မှကိုင်သွားကြပြီး မြို့လယ် ရွာလယ်လမ်းမသို့ စုရုံးကြလေဧ။် ။ ဘုရားရှင်အား ပန်းနံ့သာစသည်နှင့်ပူဇော်ကာ တပည့်တော်များကို ရဟန်းဆယ်ပါးပေးပါ ငါးပါးဤပးပါ စသဖြင့် မိမိတို့တတ်နိုင်သလောက် ရဟန်းအရေတွက်ကို ဘုရားရှင်ထံတောင်းကြပြီး ဘုရားရှင်ဧ။်သပိတ် တော်ကိုယူဆောင်ကြကာ ခင်းထားသောနေရာ၌ထိုင်တော်မူစေပြီး ဆွမ်းစသောဝေယျာဝစ္စများဖြင့် ပြုစုလုပ်ကျွေးကြဧ။် ။ ဘုရားရှင်သည် ဆွမ်းခံရာ၌ ဆွမ်းကိုဖြစ်စေ ဆွမ်းဟင်းကိုဖြစ်စေ မိမိနဲ့မျှတရုံသာခံယူဧ။်၊ ဆွမ်းကိုပိုခံယူခြင်း ဟင်းကိုပိုခံယူခြင်းမျိုးတို့ အလျဉ်းမရှိပေ၊ ဆွမ်းလောင်းစဉ် မိမိနဲ့မျှတသည်နှင့် ဆက်မလောင်းရန် လက်ကာပြသလို ဆွမ်းဟင်းလောင်းသောအခါ၌လည်း မိမိခံယူထား သောဆွမ်းနှင့် မျှတပြီဆိုက လက်ကာပြ၍ ဆက်မလောင်းရန်နှင့် ဤ လောက်နှင့်ပြည့်စုံပြီဟု သိစေတော်မူဧ။် ဒကာ ဒကာမများကလည်း ထိုအမှတ်သင်္ကေတဖြင့် နားလည်သိရှိကြသည်။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးတော်မူပြီးသောအခါ ကျွတ်ထိုက် ကြသောသတ္တ၀ါတို့ဧ။်အလိုဆန္ဒကို သဗ္ဗညုတဥာဏ်တော်ဖြင့်ကြည့် တော်မူကာ အခြို့ကို သရဏဂုမ်သုံးပါး၌၎င်း ၊ အခြို့ကို ငါးပါးသီလ၌၎င်း အခြို့ကို (သောတာပတ္တိဖိုလ် ၊သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊)အရဟတ္တ ဖိုလ်၌၎င်း တည်အောင်တရားဟောတော်မူဧ။် ၊ ဤသို့လူအများတို့အား ချီးမြှောက်တော်မူပြီးမှ ကျောင်းတော်သို့ပြန်ကြွတော်မူသည်။ ဥပဌာကရဟန်းသည် ဘုရားကျောင်းကိုပြန်မရောက်မီ အရင် သွား၍ နေရာထိုင်ခင်း ခင်းပေးထားခြင်း ခြေဆေးရေတည်ထားပေး ခြင်းစသည်ပြုရသည်။ ကျောင်းတော်သို့ပြန်ရောက်လျှင် နံ့သာတန်ဆောင်းအတွင်းမှ အသင့်ခင်းထားသောမြတ်စွာဘုရားဧ။်နေရာတော်၌သီတင်းသုံးနေ တော်မူရင်း ခြေဆေးခြင်းကိုပြုလျှက်ပင် အခြားရဟန်းများဧ။် ဆွမ်းကိစ္စ ပြီးချိန်ကို စောင့်ဆိုင်း၍နေတော်မူဧ။်။ ရဟန်းအားလုံး ဆွမ်းကိစ္စပြီးသောအခါ ဘုရားရှင်ထံသို့လာကြ ရဧ။် ဘုရားရှင်သည် ထိုရဟန်းတို့အား ဒုလ္လဘငါးပါးကိုနေ့စဉ်ဟော တော်မူပါသည်။ ( ရဟန်းများအားလုံး ဆွမ်းကိစ္စပြီးသောအခါ အလုပ်အကျွေးရဟန်း သည် ရဟန်းများအားလုံးဆွမ်းကိစ္စပြီးစီးကြောင်းဘုရားရှင်အားလျှောက် ကြားရဧ။် ၊ ဘုရားရှင်သည်ထိုအခါမှသာ မိမိသီတင်းသုံးရာ ဂန္ဓကုဋီသို့ ကြွဝင်တော်မူပါသည်။) ( ဤကား ပုရေဘတ္တကိစ္စဖြစ်သည် ၊အကျယ်ကို မဇ္ဈိမပဏ္ဏာသပါဠိ တော် ဗြဟ္မာယုသုတ်၌ ကြည့်ရှုပါ ) အကျဉ်းချုပ်မှတ်သားရန် (၁)အိပ်ယာမှထတော်မူ၍ ကိုယ်လက်သုတ်သင်တော်မူသည် ။ (၂)ဆွမ်းခံကြွတော်မူသည် ။ (၃)ဆွမ်းဒါယကာ ဆွမ်းဒါယိကာမများနှင့် တရားနာပရိသတ်တို့အား ဆွမ်းအနုမောဒနာတရားကို ဟောတော်မူသည် ။ .......................................... . ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ (နေ့(၁၂)နာရီမှ ညနေ(၆)နာရီထိ) (ဆွမ်းဘုဉ်းပေးပြီးနောက်၌ ဗုဒ္ဓဧ။်လုပ်ငန်းစဉ်များ) ပုရေဘတ္တကိစ္စပြီးသောအခါ အလုပ်အကျွေးရဟန်းတော်ခင်း ထားအပ်သော ဘုရားရှင်ဧ။် ဂန္ဓကုဋီကျောင်းအနီး၌ရှိသော ညီမူရာခန်းမ နေရာတွင် ခြေတော်ဆေးကြောပြီး ထိုခြေဆေးအင်းပျဉ်ပေါ်၌ ရပ်လျှက် ပင် ရဟန်းတော်များအား ဒုလ္လဘငါးပါးတရားတော်ကိုဟောတော်မူဧ။်။ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ ၊ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ မနုဿတ္တဘာဝေါ ဒုလ္လဘော ၊ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ ၊ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော ၊ သဒ္ဓမ္မဿဝနံ ဒုလ္လဘံ ၊ ဧ၀ံ ဒိဝသေ ဒိဝသေ သြ၀ဒတိ ။ ရဟန်းတို့ မမေ့မလျှော့ မပေါ့မဆသောအပ္ပမာဒသတိတရားဖြင့် သီလ သမာဓိ ပညာ ဟူသောသိက္ခာသုံးပါးကို ပြည့်စုံအောင်ကြိုးစား အားထုတ်ကြကုန်လော့၊ လောကသုံးပါး၌ (၁)ဘုရားရှင်ပွင့်တော်မူခြင်းကို ရခဲဧ။် ။ (၂)လူအဖြစ်ကိုလည်း ရဖို့ခက်ခဲဧ။် ။ (၃)လူအဖြစ်ကိုရခဲ့သော်လဲ သဒ္ဓါတရားနှင့်ပြည့်စုံဖို့ ခက်ခဲဧ။် ။ (၄)ရှင် ရဟန်းအဖြစ်ကိုရခြင်းငှါလည်း ခက်ခဲဧ။် ။ (၅)သူတော်ကောင်းတရားကို နာကြားခွင့်ရဖို့ရာလည်း ခက်ခဲဧ။် ။ ထိုအစည်းဝေး၌ အခြို့သောရဟန်းများသည် ဘုရားရှင်အား ကမ္မ ဌာန်း မေးမြန်းလျှောက်ထားကြဧ။် ၊ ဘုရားရှင်သည် ထိုရဟန်းတို့ဧ။် စရိုက်နှင့်သင့်တော်မည့်ကမ္မဌာန်းများကို ပေးတော်မူသည်ရှိသော် ရဟန်းများသည် ဘုရားရှင်ကိုအရိုအသေပေးကာ မိမိတို့နေရာသို့၎င်း အရိပ်ကောင်း၍ ဆိပ်ငြိမ်သော သစ်ပင် တောတောင် လိုဏ်ဂူစသည့် အရပ်များသို့၎င်း စတုမဟာရာဇ်စသော နတ်ပြည်ခြောက်ထပ်သို့၎င်း အသီးသီးကြွသွားကြလေဧ။် ။ ထို့နောက် ဘုရားရှင်သည် ဂန္ဓကုဋီတော်သို့ဝင်တော်မူကာ ခန္ဓာ ကိုယ်ဧ။်ပင်ပန်းနွမ်းနယ်မှုကိုပယ်ဖျောက်ရန်လိုအပ်ပါက သတိသမ္ပဇဉ် မလွတ်စေဘဲ လက်ျာနံစောင်းဖြင့် ခေတ္တလျောင်း၍နေတော်မူဧ။် ။ လိုအပ်သောပင်ပန်းနွမ်းနယ်မှုကိုပယ်ဖျောက်ပြီးနောက် ထတော် မူ၍ နေ့ဧ။်ဒုတိယပိုင်း၌ အရဟတ္တဖလသမာပတ်ကို ၀င်စားတော်မူလျှက် ကျွတ်ထိုက်သောသတ္တ၀ါတို့ကို အာသယာနုသယဥာဏ် ဣန္ဒြိယပရော ပရိယတ္တိဥာဏ်ဟူသော ဗုဒ္ဓစက္ခုအစုံဖြင့် ကြည့်ရှုတော်မူသည် ။ နေ့ဧ။်တတိယပိုင်းတွင် ဂေါစရဂါမ်အနီး၌နေကြသူများသည် ပန်း နံ့သာစသည်လက်မှစွဲကိုင်ကြလျှက် ကျောင်းတော်သို့ တရားနာရန်အ တွက်စုဝေးရောက်ရှိလာကြဧ။် ၊ ဘုရားရှင်သည် သမာပတ်မှထတော်မူ ကာ တရားနာပရိသတ်ထံသို့ သင့်တော်သော တံခိုးပြာဋိဟာဖြင့်ကြွလာ တော်မူကာ တန်ဆောင်းအတွင်း ခင်းထားသောနေရာတွင်ထိုင်တော်မူ ၍ အချိန်ကာလနှင့်သင့်တော်သောတရားကိုဟောတော်မူကာ ပရိ သတ်ကို ပြန်လွှတ်လိုက်ဧ။် ၊ ပရိသတ်များလည်း ဘုရားရှင်အားရှိခိုး အရိုအသေပြုကာ(ညနေ ၄း၃၀)နာရီခန့်တွင်ပြန်ကြလေဧ။် ။ လူများပြန်သောအခါ တရားပွဲမှာ ရဟန္တာဖြစ်သူလူများကို ရဟန်းပြုပေးခြင်းစသည်ပြုရသည်။ အကျဉ်းချုပ်မှတ်သားရန် (၁)ရဟန်းတော်များကို ဒုလ္လဘတရားဟော၍ ကမ္မဌာန်းပေးတော်မူဧ။် ။ (၂)ခေတ္တလျောင်းစက်ရင်း ပင်ပန်းနွမ်းနယ်မှုကိုဖြေတော်မူဧ။် ။ (၃)သတ္တလောကကို ကြည့်ရှုတော်မူသည် ။ (၄)ရောက်လာသောပရိသတ်ကို တရားဟောတော်မူဧ။် ။ ................................. (၃)ပုရိမယာမ ဗုဒ္ဓကိစ္စ (ညနေ ၆ နာရီမှ ည ၁၀ နာရီထိ) ( ညဥ့်ဦးယာမ်အတွက် ဗုဒ္ဓဧ။်လုငန်းစဉ်များ) ဒုတိယဗုဒ္ဓကိစ္စကိုပြုတော်မူပြီးနောက် ရေသပ္ပာယ်ရန်လိုအပ်ပါက တန်ဆောင်အတွင်း၌ သီတင်းသုံးတော်မူရာနေရာမှထတော်မူ၍ အလုပ် အကျွေးရဟန်း ချိုးတော်ရေစီမံထားရာသို့ကြွတော်မူကာ အလုပ်အကျွေး ရဟန်းထံမှ ရေသနုပ်ကိုယူ၍ ရေချိုးအိမ်သို့ဝင်တော်မူသည်။ ဘုရားရှင်ရေသပ္ပာယ်နေတော်မူစဉ်ဝယ် အလုပ်အကျွေးရဟန်း သည် ဘုရားရှင်ဧ။်အခင်းကိုယူ၍ ဂန္ဓကုဋီပရ၀ုဏ်အတွင်း၌ ခင်းထား လေဧ။် ။ ဘုရားရှင်သည် ရေသပ္ပာယ်တော်မူပြီးသောအခါ နှစ်ထပ်သင်္ကန်း ကိုဝတ်တော်မူကာ ခါးပန်းကြိုးကိုစည်းပြီးလျှင် ကိုယ်ရုံသင်္ကန်းတော် ကို ၀တ်ရုံစမ္ပာယ်တော်မူလျှက် တစ်ပါးတည်း ဂန္ဓကုဋီပရ၀ုဏ်အတွင်း ခင်းထားသောနေရာ၌ အပန်းဖြေရင်း ထိုင်နေတော်မူဧ။် ။ ည ၆း၃၀ ၀န်းကျင်အချိန်ရှိ သောအခါ ရဟန်းတော်များသည် မိမိတို့နေရာအသီးသီးစသည်မှ ဘုရားရှင်ထံသို့ လာရောက်ဆည်း ကပ်ကြပြီး အခြို့ရဟန်းကပြဿနာမေးလျှောက်ခြင်း ကမ္မဌာန်း မေးခြင်း တရားဟောရန်တောင်းပန်ခြင်းစသည်ပြုသဖြင့် ထိုရဟန်း တို့ဧ။်အလိုဆန္ဒကို ဖြည့်ဆည်းပေး တော်မူလျှက် ညဥ့်ဦးယာမ်ကို ကုန်လွန်စေသည် ။ အကျဉ်းချုပ်မှတ်ရန် (၁)နေ့ဆွမ်းဘုဉ်းပေးပြီး လိုအပ်ပါက ရေသပ္ပာယ်တော်မူသည် ။ (၂)ဂန္ဓကုဋီတော်အတွင်းနားနေတော်မူလျှက် ပြဿနာဖြေပေးခြင်း ကမ္မဌာန်းပေးခြင်း တရားဟောခြင်းများပြုတော်မူသည် ။ ........................................... (၄)မဇ္ဈိမယာမ ဗုဒ္ဓကိစ္စ ( သန်းခေါင်ယာမ်အတွက် ဗုဒ္ဓဧ။်လုပ်ငန်းစဉ်များ) (ည ၁၀ နာရီမှ နံနက် ၂ နာရီထိ ၄ နာရီခန့်) ညဥ့်ဦးယာမ်ဗုဒ္ဓကိစ္စပြီး၍ ရဟန်းတော်များပြန်ကြွသွားသောအခါ ညပိုင်း ၁၀ နာရီကျော်လောက်မှစ၍ စကြ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာများသည် ဘုရားရှင်ထံချဉ်းကပ်ကြ၍ မိမိတို့ တွေးတော ကြံစည်လာသော အမေးပုစ္ဆာများကို အယုတ်သဖြင့် အက္ခရာလေးလုံး မျှရှိသော ပြဿနာကိုလည်း မေးမြန်းလျှောက်ထားကြသဖြင့် ထိုနတ် ဗြဟ္မာတို့ဧ။် အမေးပုစ္ဆာအားလုံးကို ဖြေကြားရှင်းလင်းတော်မူရင်း မဇ္ဈိမယာမ်ခေါ် သန်းခေါင်ယာမ်ကို ကုန်လွန်စေတော်မူဧ။် ။ အကျဉ်းချုပ်မှတ်ရန် စကြ၀ဠာတိုက်တစ်သောင်းမှရောက်ရှိလာသော နတ်ဗြဟ္မာများကို ပုစ္ဆာပြဿနာဖြေရှင်းပေးခြင်း တရားဟောခြင်းပြုသည် ။ ............................................... (၅)ပစ္ဆိမယာမ ဗုဒ္ဓကိစ္စများ (မိုးသောက်ယာမ်၌ ဗုဒ္ဓဧ။်လုပ်ငန်းစဉ်များ ) ပထမပိုင်းကို-မနက်(၂)နာရီမှ (၃း၂၀)နာရီထိ။ ဒုတိယပိုင်းကို-မနက်(၃း၂၀)နာရီမှ (၄း၄၀)နာရီထိ။ တတိယပိုင်းကို-မနက်(၄း၄၀)နာရီမှ မနက်(၆)နာရီထိ။ဟု မိုးသောက်ယာမ်ကို အချိန်သုံးပိုင်းခွဲခြား၍ အထက်ပါလေးဌာနကို ပြုလုပ်ခဲ့ရသဖြင့် ခန္ဓာကိုယ်ဧ။်ပင်ပန်းနွမ်းနယ်မှုကို ပယ်ဖျောက်နိုင်ရန် အတွက် (၁)ပထမတစ်ပုံကို စင်္ကြန်ကြွခြင်းဖြင့် ကုန်လွန်စေသည်။ (၂)ဒုတိယတစ်ပုံကို ဂန္ဓကုဋီတော်သို့ဝင်ကာ သတိသမ္ပဇဉ်မလွတ်စေဘဲ လက်ယာနံစောင်းဖြင့် လျောင်းစက်နေတော်မူခြင်းဖြင့် ကုန်လွန်စေ တော်မူသည် ။ (၃)တတိယတစ်ပုံကို လျောင်းတော်မူရာမှထတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူလျှက် ရှေးဘုရားရှင်တို့ဧ။်အထံ၌ သီလစသည်အားဖြင့် အဓိကာရ ( အထိကရ ) ကုသိုလ်ပြုခဲ့ဘူးသော ပုဂ္ဂိုလ်များကို ထင် ရှားစွာမြင်ရန် အာသယာနုသယဥာဏ် ဣန္ဒြိယပရောပရိယတ္တိဥာဏ် ဟူသောဗုဒ္ဓစက္ခုအစုံတော်ဖြင့် သတ္တလောကကို ကြည့်တော်မူဧ။် ။ ( ဤကား သံယုတ်အဌကထာနှင့် သီလက္ခန်အဌကထာ တို့ဧ။် ဖွင့်ဆိုပုံဖြစ်သည် ) သုတ္တနိပါတအဌကထာအလိုကား မိုးသောက်ယာမ်ကို ပထမပိုင်း-မနက် (၂ )နာရီမှ (၃) နာရီထိ။ ဒုတိယပိုင်း-မနက် (၃)နာရီမှ (၄)နာရီထိ။ တတိယပိုင်း-မနက်(၄)နာရီမှ (၅)နာရီထိ။ စတုတ္ထပိုင်း-မနက်(၅)နာရီမှ (၆)နာရီထိ။ ဟုလေးပိုင်း ပိုင်း၍ (၁)ပထမပိုင်းတစ်နာရီတိတိကို စင်္ကြံကြွတော်မူသည် ။ (၂)ဒုတိယပိုင်းတစ်နာရီတိတိကို အရဟတ္တဖလသမာပတ်ကို ၀င်စားတော်မူသည်။ (၃)တတိယပိုင်းတစ်နာရီတိတိကို ဂန္ဓကုဋီသို့ဝင်ကာ သတိသမ္ပဇဉ် မလွတ်စေဘဲ လက်ယာနံစောင်းတော်ဖြင့် လျောင်းစက်အနားယူ တော်မူသည်။(ဘုရားသည် မအိပ်စက် လဲလျှောင်းလျှက် ခန္ဓာကိုယ် နွမ်းနယ်မှုဖြေဖျောက်ရင်း သတိသမ္ပဇဉ်နဲ့နေတော်မူဧ။်။ ပက်လက် လှန်ခြင်း မှောက်လျှက်ပြုခြင်း ဘယ်နံပါးဖြင့်လျောင်းစက်ခြင်းများ လုံးဝမပြု၊ လက်ဝဲနံတောင်းဖြင့် လျောင်းခြင်း ,အိပ်စက်ခြင်းကို ကာမဂုဏ်ခံစားသော လူများတို့လျောင်းအိပ်ကြသတဲ့ ၊ ပြိတ္တာများက ပက်လက်အိပ်သတဲ့ ။) (၄)စတုတ္ထပိုင်းနာရီ၌ မဟာကရုဏာသမာပတ်ကိုဝင်စားတော်မူပြီး အပ္ပရဇက္ခသတ္တ၀ါ မဟာရဇက္ခသတ္တ၀ါ စသည်တို့ကိုထင်ရှားစွာ မြင်နိုင်ရန်အတွက် အာသယာနုသယဥာဏ် ဣန္ဒြိယပရော ပရိယတ္တိဥာဏ်ဟူသော ဗုဒ္ဓစက္ခုအစုံတော်ဖြင့် သတ္တလောက ကို ကြည့်တော်မူသည် ။ ( မင်းကွန်းဆရာတော်ဧ။် နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓ၀င် စတုတ္ထတွဲမှာ ရှုနိုင်သည် )
                 
                                            ရဲရင့်အောင်(တန့်ယန်း)

UWSA ၀တပ်မတော်မှာ ဒီလိုလူစုဆောင်းတယ်


အလှပုံရိပ်များ









သာသနာပြုစွမ်းရည်တိုးမြှင့်ရေးသင်တန်း

အမျိုးဘာသာသာသာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)ဧ။် စီစဉ် ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ဇေတ၀န်ကျောင်းတိုက်အတွင်း၌ ကျင်းပြုလုပ်အပ်သော သာသနာပြုစွမ်းရည်မြှင့်တင်ရေး လက်တွေ့အသုံးချ ဥပဒေအခြေခံနှင့် မီဒီယာသင်တန်းစဉ် အမှတ်(၅)ကို (၂၀၁၅)ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်ထိ (၆)ရက်တိုင်တိုင် နေ့/ညအချိန် ဇယားများခွဲကာ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။ ယင်းသင်တန်းသို့ ရှမ်း/မြောက်(၁၆)မြို့နယ်မှ ရဟန်းသာမဏေ သီလရှင်နှင့် လူပုဂ္ဂိုလ်(ကျာ+မ)သင်တန်းသား စုစုပေါင်း(၃၂၄) တက်ရောက် ခဲ့ကြောင်းသိရသည်။ သင်တန်းဆင်းပွဲကို(၄/၁၂/၂၀၁၅) နေ့မနက်(၈)နာရီတွင်ကျင်းပကာ  သင်တန်းဆင်းလက်မှတ်များကိုလည်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

                      ရဲရင့်အောင်(တန့်ယန်း)

မစိုးရိမ်ကျောင်းသား(အဟောင်+အသစ်)တွေ့ဆုံပွဲ


မြတ်ဗုဒ္ဓရဲ့တရားဦး